a, an, the သုံးလုံးကို Article ဟုခေါ်သည်။
အကြမ်းစားဥပဒေ
(၁) Uncountable noun (ရေတွက်မရနာမ်)ကို ဝါကျတွင်
(က) ပထမဆုံးသုံးသောအခါ Article မပါဘဲသုံးသည်။
gold, milk
(ခ) ဒုတိယ၊ တတိယဝါကျတွင် သုံးသောအခါ The နှင့်တွဲသုံးသည်။
(၂) Countable noun (ရေတွက်ရနာမ်) Plural number (အများကိန်း)ကို
(က) ဝါကျတွင် ပထမဆုံးသုံးသောအခါ Article မပါဘဲသုံးသည်။
dogs, books
(ခ) ဒုတိယ၊ တတိယဝါကျတွင် ပြန်သုံးသောအခါ The နှင့်တွဲသုံးရသည်။
the dog, the books.
(၃) Countable noun (ရေတွက်ရနာမ်) Singular number (တစ်ခုကိန်း)တွင်
(က) အများထဲမှ တစ်ခုကို a, an တစ်ခုခုနှင့် အမြဲတွဲဖက်သုံးရသည်။
a book, a student, a ox, an umbrella
(ခ) ထိုနေရာတစ်ဝိုက်၌ တစ်ယောက်တစ်ခုတည်းသာ ရှိသောအခါ The နှင့်တွဲသုံးရသည်။
The teacher, The blackboard
မှတ်ချက်။ ။
(၁) Countable noun (ရေတွက်ရနာမ်) Singular noun (တစ်ခုကိန်း)ကို a, an ,the တစ်ခုခု
မပါဘဲသုံးလျှင်မှားသည်။ "a" နှင့် "an" မှာ တစ်ခုဟု အဓိပ္ပါယ်ရှိ၍ မမှားသော်လည်း
"the" မှာ အဓိပ္ပါယ်မရှိသဖြင့် မှားတတ်ကြသည်။ Countable noun (ရေတွက်ရနာမ်)
Singular noun (တစ်ခုကိန်း) ရှေ့မှာ a, the တစ်ခုခုပါရမည်ဟုမှတ်ပါ။
"the" မှာ အဓိပ္ပါယ်မရှိသဖြင့် မှားတတ်ကြသည်။ Countable noun (ရေတွက်ရနာမ်)
Singular noun (တစ်ခုကိန်း) ရှေ့မှာ a, the တစ်ခုခုပါရမည်ဟုမှတ်ပါ။
(၂) Article လုံးဝမပါဘဲသုံးသော ၁(က)နှင့် ၂(က)တို့ကို Zero article ဟုခေါ်သည်။



