Thursday, February 23, 2012

Noun

 သက်ရှိသတ္တဝါ၊ သက်မဲ့အရာဝတ္ထုတို့၏ အမည်နာမဟူသမျှကို Noun နာမ်ဟုခေါ်သည်။

Read  more
နာမ်(၂)မျိုး
"Countable and Uncountable Nouns"
ရေတွက်ရနာမ်နှင့် ရေတွက်မရနာမ်များ
(၁)တစ်ခု၊ နှစ်ခု၊ သုံးခုဟု ရေတွက်၍ရသော နာမ်ပုဒ်များကို Countable Noun ရေတွက်ရနာမ်ပုဒ် ဟုခေါ်သည်။


အထက်ပါပုဒ်များကဲ့သို့ စာအုပ်တစ်အုပ်၊ နှစ်အုပ်၊ သုံးအုပ်၊ စားပွဲတစ်လုံး၊ နှစ်လုံး၊ သုံးလုံး ဟုရေတွက်၍ရသော နာမ်များကို Countable Noun ဟုခေါ်သည်။ C noun ဟုအတိုကောက်ရေးရသည်။

(၂) တစ်ခု၊ နှစ်ခု၊ သုံးခုဟုရေတွက်မရသော နာမ်ပုဒ်များကို Uncountable Noun ရေတွက်မရနာမ်ပုဒ် များဟုခေါ်သည်။

အထက်ပါပုဒ်များကဲ့သို့ တစ်နို့၊ နှစ်နို့၊ တစ်အမဲသား၊ နှစ်အမဲသားဟု ရေတွက်မရသောနမ်များကို Uncountable Noun ဟုခေါ်သည်။ U noun ဟုအတိုကောက်ရေးရသည်။

Uncountable Nouns
Gold = ရွှေ
Silver = ငွေ
Iron = သံ
Steel = သံမဏိ
Lead = ခဲ
Cotton = ဝါဂွမ်း
Paddy = စပါး
Rice = ဆန်၊ ထမင်း
Wheat = ဂျုံ
Flour = ဂျုံမှုန့်
Ink = မင်
Coffee = ကော်ဖီ
Teak = ကျွန်းသစ်
Air = လေ
Happiness = ပျော်ရွင်ခြင်း
Laziness = ပျင်းရိခြင်း
Honesty = ရိုးသားမှု
Wood = သစ်သား
Music = တေးဂီတ
Anger = ဒေါသ
Smoke = မီးခိုး
Intelligence =   အသိဥာဏ်
Sand = သဲ
Earth = ကမ္ဘာ
အထူးမှတ်ရန် (၃)ချက်

(၁) U noun များကို မည်သည့်အခါမှ ဗဟုဝုစ်ကိန်း (အများ) မပြောင်းရ။ (Golds, Silvers မလုပ်ရ။)
(၂) U noun များရှေ့တွင် "a" သို့မဟုတ် "an" ကိုမည်သည့်အခါမျှ မသုံးရ။ (a gold, a silver ဟုမရေးရ။)
(၃) C noun ဧကဝုစ်ကိန်းများရှေ့တွင် a, an, the တစ်ခုခုအမြဲပါရှိစေရမည်။ (pen, dog      ဟုနာမ်ပုဒ်ချည်း
       မရေးရ။)

No comments:

Post a Comment

Thanks